ပညာစုံလင်
Chance Academy

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်းစာသင်တန်းများ တစုတစည်းတည်း စုံဆည်းရာနေရာတခု

Banner
Chance Academy တက်ရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ
01

နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများထံ တစ်နေရာထဲတွင် သင်ယူလေ့လာနိုင်ခြင်း

02

ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ လေ့လာနိုင်တာဖြစ်လို့ အချိန်ကုန်၊ငွေကုန်သက်သာခြင်း

03

သင်ခန်းစာများကို Chance Academy app ထဲတွင် ထပ်ခါထပ်ခါ လေ့လာနိုင်ခြင်း

04

ကိုယ်ပိုင်လေ့လာသင်ယူနိုင်စွမ်းကို တိုးတက်လာပြီး၊ အချိန်စီမံခန့်ခွဲမှုကိုလည်း တိုးတက်လာစေခြင်း

05

Chance Academy Online သင်တန်းများကို လေ့လာပြီး skills နဲ့ Knowledge များစွာ တိုးတက်လာတာဖြစ်လို့ မိမိရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများတွင် အောင်မြင်မှုများစွာ ရရှိနိုင်ခြင်း

Chance Academy ဆိုတာ ဘာလဲ
Chance Academy ဆိုတာ မြန်မာနိုင်ငံသားတိုင်း လွယ်လွယ်ကူကူနဲ့ တစ်နေရာတည်းမှ လေ့လာသင်ယူနိုင်မယ့် Hard skill , Soft skill များအပြင် Career နှင့်ဆိုင်သော၊ Personal Development နှင့်ဆိုင်သော၊ Online သင်တန်းပေါင်းများစွာကို တစ်နေရာတည်းမှာ စုစည်းပေးထားသော Application and Website ဖြစ်ပါသည်။
Chance Academy ကို ဘာကြောင့် တက်သင့် တာလဲ
စာအသင်အပြ အရမ်းကောင်းပြီး အရမ်းတော်တဲ့ဆရာတွေသင်ကြားပေးခြင်း။

ဒီလိုစာအသင်အပြအရမ်းကောင်းတဲ့ ဆရာတွေနဲ့ လေ့လာသင်ယူရတာ ဖြစ်တဲ့အတွက် အွန်လိုင်းပေါ်မှာ လေ့လာရပေမဲ့ အရမ်းကို စိတ်လှုပ်ရှားပြီး စိတ်ဝင်စားစရာကောင်းပါတယ်။

သင်တန်းရဲ့ ဗီဒီယိုတွေက Quality ကောင်းမွန်ခြင်း။

သင်တန်းရဲ့ ဗီဒီယိုတွေက ကြည်လင်ပြတ်သားပြီး Quality ကောင်းတဲ့အတွက် လေ့လာသင်ယူသူတွေကလည်း အာရုံအပြည့်အဝစိုက်နိုင်ပြီးတော့ သင်တန်းကိုအကောင်းဆုံး လေ့လာသင်ယူနိုင်ဖိုအတွက်လည်း အထောက်အကူပြုပါတယ်။

သင်ခန်းစာတွေကို သေချာအချိန်ပေးပြင်ဆင်ထားခြင်း။

အွန်လိုင်းသင်တန်းမှာ အတွေ့အကြုံများစွာရှိတဲ့ ဝါရင့်ဆရာ၊ဆရာမတွေနဲ့ Founder မဖြိုးဖြိုးအောင်တို့မှသင်ခန်းစာတွေကိုသေချာအချိန်ပေးပြီးဖန်တီးထားတဲ့အတွက် သင်ခန်းစာတွေကလည်း ထိရောက်မှုများပြီး လေ့လာတဲ့သူတွေအတွက် အကောင်းဆုံး အတွေ့အကြုံရနိုင်အောင် ပြင်ဆင်ထားပေးတယ်။

ကိုယ့်ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို ကူညီပေးနိုင်ခြင်း။

ဆရာမပြနည်းမကျဆိုသလိုပဲ Chance Academy ရဲ့ အွန်လိုင်းသင်တန်းတွေနဲ့ သင်ခန်းစာတွေက ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့ အိမ်မက်၊ ရည်မှန်းချက်တွေကို နီးစပ်အောင်လုပ်ပေးနိုင်တာဖြစ်တဲ့အတွက် ကိုယ့်ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်ချင်တဲ့စိတ်လေးသာယူခဲ့ပါ။

အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူနိုင်ခြင်း။

အချိန်မရှိလို့နဲ့ နေရာအခက်အခဲကြောင့် သင်တန်းတက်ချင်တာတောင်တက်လို့မရဘူးဆိုတဲ့သူတွေအတွက် အချိန်မရွေး၊ နေရာမရွေး ကိုယ်ကြိုက်တဲ့နေရာမှာ ဖုန်းလေးတစ်လုံးထဲကနေပဲ အလွယ်တကူသင်ကြားနိုင်ပါတယ်။

ဘဝအခွင့်အလမ်းတွေကို ကိုယ်တိုင် ဖန်တီးနိုင်ခြင်း။

ကိုယ့်ဘဝကို ကိုယ်တိုင်ထုဆစ်လေ့လာပြီး ကိုယ့်ဘဝအတွက် အကောင်းဆုံး ဖန်တီးတည်ဆောက်သူဖြစ်ဖို့ Chance Academy App ထဲက ဆရာ/ဆရာမတွေရဲ့ အွန်လိုင်းသင်တန်းတွေက ကူညီပေးပါလိမ့်မယ်။

Chance Academy အကြောင်း
Application ရည်ရွယ်ချက်

မဖြိုးဖြိုးအောင် က (၂၀၁၇ ) ခုနှစ်မှာ Chance Myanmar ဆိုတဲ့ Online သင်တန်းကို စတင်ဖန်တီးခဲ့ပြီးတော့ မြန်မာနိုင်ငံက လူတွေအတွက် Language သင်တန်းများ၊ Soft skill နှင့်ဆိုင်သော သင်တန်းများ၊ Career နှင့်ဆိုင်သောသင်တန်းများ၊ Personal Development နှင့်ဆိုင်သောစတဲ့ Online သင်တန်းပေါင်းများစွာကို Online ပေါ်ကနေ အလွယ်တကူ လေ့လာလို့ ရနိုင်စေရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ပါတယ်။ အခုချိန်မှာတော့ Facebook သုံးရတာ အခက်အခဲရှိတဲ့သူတွေအတွက် Application တစ်ခုတည်းမှာပဲ ကိုယ်ကြိုက်တဲ့သင်ခန်းစာတွေကို သင်ယူနိုင်မှာဖြစ်ပြီးတော့ အချိန်ကုန်သက်သာအောင် Chance Academy Application ဖြင့် မြန်မာနိုင်ငံသားတိုင်း လိုအပ်တဲ့သင်တန်းများကို အလွယ်တကူလေ့လာနိုင်စေရန်အတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။

Pic
ဘယ်လိုလူတွေ အသုံးပြုသင့်သလဲ?
  1. လူကြီး၊ လူငယ်မရွေး အလွယ်တကူ လေ့လာနိုင်ခြင်း
  2. နေရာအချိန်မရွေး ဘဝတိုးတက်မှုအတွက် သင်တန်းများကို စိတ်ကြိုက်လေ့လာနိုင်ခြင်း
  3. မိမိအတွက်လိုအပ်တဲ့သင်တန်းများစွာကို တစ်နေရာတည်းမှာ တစုတစည်းတည်း ရွေးချယ် လေ့လာလို့ရနိုင်ခြင်း
  4. အကောင်းဆုံး Video Quality များဖြင့် သင်ခန်းစာများကို အပြင်မှာလေ့လာနေရသလို လက်တွေ့ဆန်ဆန် သင်ပေးနိုင်ခြင်း
  5. အဆင်မပြေမှုရှိခဲ့ အချိန်ပြည့် ဝန်ဆောင်မှုပေးတဲ့ Student Service Team ရှိခြင်း
  6. မိမိနှင့်သင်လျှော်သော သင်တန်းများကို လေ့လာနိုင်ရန်အတွက် Student Service Team ကို အကြံဉာဏ်တောင်းခံနိုင်ခြင်း
  7. Free တက်ရောက်နိုင်သည့် အွန်လိုင်းသင်တန်းများလည်း ပါဝင်ခြင်း
Pic
Download Now

အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြုပ်နှံဖို့

Chance Academy App ကို အခုပဲ Download ပြုလုပ်လိုက်ပါ။