မဖြိုးဖြိုးအောင် က (၂၀၁၇ ) ခုနှစ်မှာ Chance Myanmar ဆိုတဲ့ Online သင်တန်းကို စတင်ဖန်တီးခဲ့ပြီးတော့ မြန်မာနိုင်ငံက လူတွေအတွက် Language သင်တန်းများ၊ Soft skill နှင့်ဆိုင်သော သင်တန်းများ၊ Career နှင့်ဆိုင်သောသင်တန်းများ၊ Personal Development နှင့်ဆိုင်သောစတဲ့ Online သင်တန်းပေါင်းများစွာကို Online ပေါ်ကနေ အလွယ်တကူ လေ့လာလို့ ရနိုင်စေရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ပါတယ်။ အခုချိန်မှာတော့ Facebook သုံးရတာ အခက်အခဲရှိတဲ့သူတွေအတွက် Application တစ်ခုတည်းမှာပဲ ကိုယ်ကြိုက်တဲ့သင်ခန်းစာတွေကို သင်ယူနိုင်မှာဖြစ်ပြီးတော့ အချိန်ကုန်သက်သာအောင် Chance Academy Application ဖြင့် မြန်မာနိုင်ငံသားတိုင်း လိုအပ်တဲ့သင်တန်းများကို အလွယ်တကူလေ့လာနိုင်စေရန်အတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။